Saturday, September 12, 2009

ညစ်ညမ်းမှု

နယ်နိမိတ်အတွင်း လှေသမ္ဗန်တွေနဲ့ ကူးပြီး လာကြသလို
နယ်နိမိတ်အတွင်းထဲကနေ နည်းမျိုးစုံနဲ့ ပြန်ထွက်သွားကြတယ်
ဆန္ဒတွေ မိုးမမိခင် လေပြည်ထဲဖြတ်လျှောက်
သံဆူးကြိုးများ ကာရံထားတဲ့ဆီအရောက် အလွန်ဆွေးသွားတယ်
ဖိစီးမှုများလည်း အမြဲတမ်း အသစ်ဖြစ်ပေါ်ဖွံ့ဖြိုးနေတာကိုး
အရေးအသားတစ်နေရာမှာ ချစ်ခြင်းများဖြင့် တွေ့ကြပါစို့
အဲဒီမှောင်နေသော လောကထဲ ပျော်နေတော့မလား
ခွေး-သွားစိပ်/ စိတ်တွေကြား စိတ်ပိုင်းထွက်လာတယ်
မွှကြေနေတဲ့ စိတ်တွေ
မေတ္တာဟာသန္ဓေပျက်ကျလို့ မျိုးတုံးတော့မယ်
ဒုက္ခ ထူထပ်မှုများ များပြားဆဲ
မင်းအတွင်းခံ အတွင်းသားကို ဘယ်သတ္တ၀ါကမျှ နူးညံ့ထိတွေ့ပြုကြလိမ့်မှာ မဟုတ်
အကြမ်းတမ်းဆုံး ချွတ်လွှင့်ဆော့ကစား ကြမ်းတမ်းလိမ့်မယ်
တိရစ္ဆာန်တွေလို ပြုမူကျင့်ကြလိမ့်မယ်
တစ်စစီဆွဲဖြိုတော့မယ့် သန်းခြောက်ထောင် ရက်စက်မှုတွေ
သူပဲ အကြင်နာအစစ်ပေးနိုင်သလို ပုံဖမ်းမှု
ရင်ဟာ နာကျင်နေတယ်
ဘာလို့ ဘာဖြစ်နေကြတာလဲ
ရဲရဲကျလာနေတဲ့ အရာတွေ စီးကြောင်းတွေ
သင်ဟာ အလှည့်စားခံလိုက်ရပြီး
ပြိုပျက်လို့ ရှင်သန်နေရတော့တယ်
အဆိပ်ဖုံးနေ့တွေကို ဘယ်လိုရှင်းလင်းကြရမလဲ

စိုးမင်းအောင်

ဆက်ဖတ်ကြည့်ဗျာ...

Thursday, August 27, 2009

love proof

date Thu, Aug 27, 2009 at 5:15 PM
subject love proof
mailed-by gmail.com

hide details 5:15 PM (17 hours ago)

တခါက ၁၀တန်းကျောင်းသား ကောင်လေးတစ်ယောက် ရှိတယ်။ သူက မနက်ဆို
> ကျောင်းသွား၊နေ့လည်ဆို ကျူရှင်တက် ညနေလောက်မှ အိမ်ပြန်ရတယ်။ ဒီလိုနဲ့ တစ်ည
> သူကျူရှင်ကအပြန် လမ်းထိပ်မှာ ကောင်မလေးတစ်ယောက်ကို တွေ့တယ်။ ကောင်မလေးက
> ဘယ်သူမှန်းလဲမသိဘူး။ ဗာဒံပင်အောက်က အုတ်ခုံလေးမှာ ထိုင်နေတာ။ ညဘက်ကြီး
> မိန်းကလေးတစ်ယောက်ထဲ ထိုင်နေတာ ထူးတော့ထူးဆန်းတယ်။ ဒါပေမဲ့ မသိတော့ ကောင်လေးလဲ
> ဂရုမစိုက်ဘဲ လမ်းထဲဆက်ဝင်လာလိုက်တယ်။
>
> ဒါပေမဲ့ ကောင်မလေးက သူ့ကိုလှမ်းခေါ်တော့ ကြောင်သွားတယ်။ ကောင်မလေးက
> သူ့အနားလာပြီး ပြောတယ်။
>
> “နင်ငါ့ကို တစ်ခုကူညီပါလား” “ငါဗိုက်အရမ်းဆာနေလို့”
>
> ကောင်လေးက ကောင်မလေးကိုတစ်ချက်အကဲခတ်ကြည့်တော့ ပုံစံက
> သန့်သန့်နဲ့ခပ်ချောချောလေး အသက်ကလည်းရွယ် တူလောက်ဆိုတော့ ရှိန်းတိန်းတိန်း
> ဖြစ်သွားတယ်။နောက်တော့မှ တဏှာမပါတဲ့ စိတ်နဲ့ ကူညီလိုက်မယ်လို့ စဉ်းစားပြီး
> ပိုက်ဆံအိတ် ထဲက ၅၀၀ တန်တစ်ရွက် ကိုထုတ်ပေးလိုက်တယ်။ ကောင်မလေးက မယူဘဲနေလို့
> ရှက်နေတယ်ထင်တာနဲ့ လက်ထဲကို အတင်းထည့်ပေးတော့ ကောင်မလေးက ပြောတယ်။
>
> “ငါ့ကို ၀ယ်ပေးပါလား”
>
> ကောင်လေးလဲ ရုတ်တရက်ဆိုတော့ ကြောင်သွားတယ်။ နောက်မှ မထူးပါဘူးလေဆိုပြီး
> ပေါင်မုန့် နဲ့ အအေး သွားဝယ်ပေးရတာပေါ့။ ကောင်မလေးက ၀မ်းသာသွား ရှာတယ်။
> ပြီးတော့ တခြားလူတွေလို ဆုတွေမတောင်းပေးဘဲ ကျေးဇူးတင်တဲ့ အနေနဲ့
> တစ်ချက်ပြုံးပြလိုက်တယ်။ အဲဒါနဲ့ ကောင်လေး အိမ်ပြန်လာလိုက်တယ်။ အိမ်ရောက်တော့လဲ
> အဲဒီအကြောင်းဘဲ တွေးနေမိပြန်ရော။
>
> နောက်နေ့ ညကျတော့လဲ ကောင်မလေးက အဲဒီနေရာမှာဘဲ ရှိနေတယ်။ ကောင်လေးကိုမြင်တော့
> လှမ်းခေါ်တယ်။ ကောင်လေးလဲ ညဘက်ကြီး မိန်းကလေးတစ်ယောက်ထဲ ၂ရက်ဆက်တိုက် ရှိနေတော့
> နည်းနည်းစိတ်ဝင်စားတာနဲ့ ကောင်မလေးဘေးမှာသွားထိုင်လိုက်တယ်။ ပြီးတော့
> မေးလိုက်တယ်။
>
> “မိုးချုပ်နေပြီဘာဖြစ်လို့ တစ်ယောက်တည်း ထိုင်နေတာလဲ။ အိမ်မပြန်ဘူးလား။”
> “ဘယ်မှာနေတာလဲ”
>
> အဲတော့ ကောင်မလေးက ဒါသူနေတဲ့အိမ် ပါဆိုပြီး အုတ်ခုံကိုပုတ်ပြတယ်။ ကောင်လေးက
> ဒီကောင်မလေး ငါ့မယုံလို့လားပေါ့။ အဲဒါနဲ့ သူ့ကိုသူမိတ်ဆက်တယ်။ ဘယ်မှာနေပါတယ်။
> ဘာညာပေါ့။ ကောင်မလေးက ဘာမှပြန်မပြောဘူး။
>
> နောက်နေ့ညကျပြန်တော့ ကောင်မလေးရှိမယ်ဆိုပြီးလာတော့ ကောင်မလေးမရှိဘူး။ အဲဒါနဲ့
> အိမ်ကိုပဲ တန်းပြန်လိုက်တယ်။ နောက်တစ်ရက်ကျတော့ ကောင်မလေးရှိနေတယ်။ ဒါနဲ့
> မနေ့ကနင်ဘာလို့မလာတာလဲဆိုတော့ ကောင်မလေးက ငါဒီမှာပဲရှိပါတယ် တဲ့။
> နင်မတွေ့တာနေမှာတဲ့။ ဒါနဲ့ ကောင်လေးလဲ ဘာမှဆက်မပြောတော့ဘူး။
>
> ဒီလိုနဲ့ တစ်ပတ်လောက်ကြာလာတယ်။ တစ်ပတ်ကနေ တစ်လ ၊ နှစ်လ ၊ သုံးလ လောက်ရှိတော့
> သူတို့ နှစ်ယောက် တော်တော်ခင်နေကြပြီ။ ကောင်လေးက ကျူရှင်အပြန်ဆိုကောင်မလေးနဲ့
> စကားပြောနေကျ။ ကျူရှင်မရှိတဲ့နေ့ တွေမှာတောင် လမ်းထိပ်ထွက်ပြီး ကောင်မလေးနဲ့
> စကားပြောဖြစ်တယ်။ ကောင်လေးကကြာတော့ ကောင်မလေးကို ကြိတ်ခိုက် လာပါလေရော။ ဒါပေမဲ့
> ကောင်မလေးက နာမည်ကလွဲပြီး ဘာမှမေးမရတော့ အခက်ကြုံနေရတယ်။
>
> နောက်ဆုံးကျ ကောင်လေးလဲ သည်းမခံနိုင်တော့တာနဲ့ ဖွင့်ပြောလိုက်တယ်။
> ကောင်မလေးအပေါ်ထားတဲ့ သူ့ခံစားချက်တွေကိုပေါ့။ အဲတော့ ကောင်မလေးကမေးတယ်။
>
> “နင်ငါ့အကြောင်းကိုဘယ်လောက်သိလို့လဲ”
>
> “ငါဘယ်သူလဲ သိလို့လား” တဲ့။
>
> ကောင်လေးက “နင့် အကြောင်းတွေ ငါမသိပေမဲ့ နင့် အပေါ်ထားတဲ့ ငါ့သံယောဇဉ်တွေကတော့
> မပြောင်းလဲပါဘူး။” တဲ့
>
> ကောင်မလေးက ဘာမှပြန်မပြောဘူး။ ကောင်လေးကသူ့ကို စဉ်းစားပေးပါ
> ဆိုပြီးပြန်သွားတယ်။ အဲဒီနောက်ပိုင်း ကောင်လေး စာမေးပွဲရှိတာနဲ့
> ကောင်မလေးဆီမရောက်ဖြစ်ဘူး။ ကောင်မလေး စဉ်းစားဖို့
> အချိန်ပေးသင့်တယ်လဲထင်လို့ပေါ့။
>

စာမေးပွဲလဲပြီးရော ကောင်မလေးဆီ တန်းသွားတော့တာပဲ။ ကောင်မလေးကိုလဲ
> စဉ်းစားပြီးပြီလားပေါ့။ သူ့ကိုအဖြေပေးဖို့ပြောတယ်။
> ကောင်မလေးအပေါ်သူ့ခံစားချက်တွေကိုဒုတိယအကြိမ် ပြောတယ်။ ကောင်မလေးက
> နင်ဟိုတခါကလဲဒါတွေပဲပြောတယ်။ နင် ဒါတွေပဲတတ်တလားမေးတာပေါ့။ အဲဒီတော့ ကောင်လေးက
>
> ”နင့်အပေါ်ထားတဲ့ ငါ့ခံစားချက်တွေက အရင်ကလဲဒီအတိုင်းပဲ အခုလဲအဲဒီအတိုင်းပဲ။
> ဒါကြောင့် အရင်ကအကြောင်းတွေပဲထပ်ပြောတာပါ”
>
> လို့ ပြောတယ်။ ကောင်မလေးက ကောင်လေးကိုငေးကြည့်နေတယ်။ ပြီးမှ
> သက်ပြင်းရှည်ကြီးချပြီး မှ ကောင်လေးကို စကားစပြောတယ်။
>
> “မနက်ဖြန် နင်လာဖြစ်အောင်လာခဲ့။ ငါနင့်အပေါ်ထားတဲ့ ခံစားချက်ကိုလဲပြောပြမယ်။
> နင်သိပ်သိချင်တဲ့ ငါ့အကြောင်းတွေလဲ ပြောပြမယ်။”
>
> ကောင်လေးလဲ ပျော်ပြီးပြန်သွားတယ်။နောက်နေ့ ကျတော့ ကောင်မလေး မရှိဘူး။ ဒါနဲ့
> နောက်ကျတာနေမှာဆိုပြီး စောင့်နေလိုက်တယ်။ ခဏနေတော့ ကောင်မလေးကို
> ဗာဒံပင်ပေါ်ကဆင်းလာတာတွေ့ ရတယ်။ ကောင်လေးက မကြီးမငယ်နဲ့
> အပင်ပေါ်တက်ဆော့တယ်ဆိုပြီး နောက်တာပေါ့။ ကောင်မလေးကတော့ ဘာမှပြန်မပြောဘဲ
> ထိုင်ခုံမှာဝင်ထိုင်တယ်။ ပြီးတော့ ကောင်လေးကို..
>
> “နင်သေချာနားထောင်” “ငါလဲနင့်ကို ချစ်ပါတယ်။”
>
> ကောင်လေးအရမ်းပျော်သွားတာပေါ့။ ဒါပေမဲ့ ကောင်မလေးက ဆက်ပြောတယ်။
> “ဒါပေမယ့် နင်နဲ့ငါက လုံး
> မဖြစ်နိုင်ပါဘူး။ငါလည်းနင့်ဘေးမှာတသက်လုံးနေချင်ပါတယ်။ဒါပေမယ့်ငါ့ရဲ့တသက်ကပြီးသွားပါပြီ။
> “
>
> ကောင်လေးလဲ ဘာတွပြောနေမှန်း နားမလည်နိုင်တော့ဘူးဖြစ်နေတယ်။
> ဒါနဲ့ဖြစ်ချင်ရာဖြစ်ဆိုပြီး ကောင်မလေးလက်ကို ကိုင်လိုက်မိတယ်။
> အိုး..အေးစက်နေတာပဲ။
>
> ကောင်မလေးကထပ်ပြောတယ်။
>
> “နင်နဲ့ငါ ဘ၀ခြားသွားပါပြီ”
>
> ပြောရင်းဆိုရင်း ကောင်မလေးက လမ်းမီးတိုင်အောက်မှာ သွားရပ်ပြလိုက်တယ်။
> ကောင်မလေးရဲ့ အရိပ်မထင်တာကို ကောင်လေးတွေ့သွားတယ်။ အရမ်းကြောက်သွားပြီး
> ထွက်ပြေးသွားလိုက်တာ။ အိမ်ရောက်တဲ့ အထိ အကြောက်မပြေဘူး။ သူ့အဖြစ်လဲသူ
> မယုံနိုင်ဘူး ဖြစ်နေတယ်။ တွေးမိတိုင်းလဲကြက်သီးထနေတုန်းပဲ။
>
> ၁ ပတ် ၂ ရက်ကြာတော့ ကောင်လေး မနေနိုင်တော့ဘူး။ကောင်မလေး
> ကိုအရမ်းသတိရလာတယ်။အရမ်းတွေ့ချင်လာတယ်။ ဒါနဲ့နောက်နေ့ ကောင်လေး
> ခပ်လန့်လန့်နဲ့ပဲ လမ်းထိပ်ထွက်လာတယ်။ကောင်မလေးက
> ထုံးစံအတိုင်းပဲ။ကောင်လေးကိုလည်း တွေ့ရော ထပြီး နင်ငါ့ဆီလာတယ်ဟုတ်လား
> ဆိုပြီးဝမ်းသာအားရနဲ့ပြောတယ်။
> ပြီးတော့မျက်ရည်တွေနဲ့။ ကောင်လေး လဲဖြစ်ချင်ရာဖြစ်
> ဆိုပြီးကောင်မလေးဘေးဝင်ထိုင်တယ်။
>
> “ငါနင့်ကို အရမ်းချစ်တယ်ဟာ နင့်ကိုငါ ဘယ်လိုမှမေ့လို့မရဘူး”
> ဆိုပြီးအရင်ကပြောခဲ့ဘူးတဲ့ သူ့ခံစားချက်တွေကို တစ်လုံးမကျန်ပြန်ဆိုပြတယ်။
> ကောင်မလေးက
>
> “ငါလည်းဒီလိုပါပဲဟာ” “နင့်ကိုငါအရမ်းချစ်တယ်သိလား ” “ပြီးတော့ နင်တော်တော်
> ကတိတည်တဲ့ကောင်ပဲ” တဲ့။
>
> ကောင်လေးက ဘာကိုဆိုလိုမှန်းသိပြီး ကောင်မလေးကို ငါပြောပြီးသားပဲ
> ဘယ်တော့မှမပြောင်းလဲပါဘူးလို့ ဆိုပြီးမရဲတရဲလှမ်းဖက်တယ်။
> ကောင်မလေးကလဲ အလိုက်တသိ ကောင်လေးရင်ခွင်ထဲဝင်လိုက်တယ်။ ၁၅ မိနစ်လောက်ကြာတော့
> ကောင်မလေးက တည်တည်ငြိမ်ငြိမ်အသံနဲ့ “နင်ငါ့ကိုချစ်တယ်ဆိုရင် ငါ့အတွက်ဘုရားမှာ
> ကုသိုလ်လုပ်ပေးပါ။ ငါဒီဘဝက မြန်မြန်ကျွတ်ချင်တယ်။ “လို့ပြောတယ်။
>
> ကောင်လေးက ခဏစဉ်းစားပြီး “ဒါတော့ sorry ဟာ
> ငါမလုပ်ပေးနိုင်ဘူး။ငါအဲလိုလုပ်လိုက်ရင် နင်နဲ့ငါထာဝရဝေးရမှာ ငါမခွဲနိုင်ဘူး။
> ဖြစ်နိုင်ရင်ငါလဲနင်နဲ့အတူလာနေချင်တယ် တဲ့။”
>
> နောက်နေ့ကျတော့ ကောင်လေးသူ့သူငယ်ချင်းတွေနဲ့သွားတွေ့တယ်။ပြီးတော့နှုတ်ဆက်တယ်။
> ညနေရောက်တော့သူ့အဖေအမေတွေနဲ့ စကားထိုင်ပြောတယ်။ပြီးတော့မကြားတကြား
> သူ့ကိုခွင့်လွှတ်ပါလို့ပြောလိုက်တယ်။ ညရောက်တော့ လမ်းထိပ်ထွက်လာတယ်။ကောင်မလေးက
> ထိုင်နေကျနေရာမှာပဲ။ ကောင်လေးဆက်ထွက်လာတယ်။လမ်းမပေါ်ရောက်ခါနီးမှာရပ်လိုက်တယ်။
> ကောင်မလေးလှမ်းကြည့်နေတယ်။ ကားတွေမီးပွိုင့်ကလွှတ်လိုက်လို့ ဒလဟောထွက်လာကြတယ်။
> ကောင်လေးက ကားလမ်းပေါ်ပြေးတက်သွားတယ်။ကောင်မလေး ကတော့ စူးစူးဝါးဝါးတစ်ခု
> ထအော်တယ်။
> ဒါပေမယ့် ………… ။
>
> ကောင်မလေးငိုနေတယ်။ ထိုင်ခုံမှာထိုင်နေတုန်းပဲ။
> လမ်းမပေါ်မှာတော့ လူတွေ ကားတွေ အော်သံတွေ လူနာတင်ယာဉ်အချက်ပေးသံတွေ ဆူညံနေတာပဲ။
> ကောင်မလေးဘေးကို အရာတစ်ခု ရွေ့လာတယ်။ကောင်မလေးမော့ကြည့်လိုက်တော့
> ကောင်လေးဖြစ်နေတယ်။ အခုကောင်လေးလဲ ကောင်မလေး လိုပဲအရိပ်မရှိဘူး။
> ကောင်မလေးအရမ်းပျော်သွားတယ်။ အဲဒီည တညလုံးသူတို့ သူတို့လျှောက်လည်ကြတယ်။
>
> နောက်တစ်နေ့ညကျတော့ ကောင်လေးနဲ့ကောင်မလေး ထိုင်နေကျနေရာမှာထိုင်ပြီး
> ဖြတ်သွားတဲ့ ကားတွေကိုရေနေတယ်။ရုတ်တရက် မြင်းဟီသံကြားလိုက်ရတယ်။ပြီးတော့
> မြင်းဖြူ ၃ကောင် မြင်းမည်း ၃ကောင် ဆွဲတဲ့ ရထားတစ်စင်းကောင်လေးတို့ရှေ့လာရပ်တယ်။
> အဲဒီပေါ်က နတ်သားလိုလို ငရဲသားလိုလို တစ်ယောက်ဆင်းလာပြီးကောင်မလေးနားကပ်
> ပြီးတစ်ခုခုပြောလိုက်တယ်။ကောင်မလေးရုတ်တရက် မျက်နှာဝင်းလက်သွားပြီး
> ချက်ချင်းအိုကျသွားတယ်။ပြီးတော့ ကောင်မလေးက ခဏလောက်နော်ဆိုပြီး
> ကောင်လေးနားလာတယ်။
>
> “ ငါသွားရတော့မယ်” တဲ့။
>
> ” ငါဘာလို့အရင်ဘဝက အကုသိုလ်များများ မလုပ်ခဲ့တာလည်းမသိဘူး။လုပ်ခဲ့ရင်နင်နဲ့
> အကြာကြီးနေရမှာ ” ဆိုပြီး ငိုတယ်။ ကောင်လေးကိုဖက်ထားတယ်။
> ကောင်လေးကတော့ဝမ်းနည်းလွန်းလို့ ဘာပြောရမှန်း မသိတော့အောင် ဖြစ်နေတယ်။
> မျက်ရည်စက်လက်နဲ့ ကောင်မလေး ရထားပေါ် တက်သွားတယ်။ ကောင်လေးချက်ချင်းပဲ
> နတ်သားလိုလို ငရဲသားလိုလို လူဆီသွားပြီး
>
> ” ခဏလေးဗျာ ကျွန်တော်ကောဘယ်တော့သွားရမှာလဲ “လို့ ကတိုက်ကရိုက်မေးလိုက်တယ်။
>
> အဲဒီလူကြီး နာမည်ရယ် ၊ …. ဖြစ်တဲ့နေ့ကိုပြောကြည့်စမ်းဆိုပြီး
> လက်ထဲကပေမှာငုံရှာနေတယ်။ပြီးတော့ မင်းတော်တော်မိုက်တယ်ကွာ တဲ့။
> ပြီးတော့ ၄၉၉ ဘဝကျန်သေးတယ် တဲ့ဆိုပြီးရထားပေါ်တက်ပြီးမောင်းထွက်သွားတယ်။
>
> ကောင်လေး အခုကောင်မလေးနေရာမှာဝင်ထိုင်လိုက်တယ်။
> ဒီလိုနဲ့ ၁ ပတ် ၂ ပတ် ၁ လ ၂ လ ၁ နှစ် ၂ နှစ် ကောင်လေး
> ကောင်မလေးထိုင်နေကျနေရမှာထိုင်နေတုန်းပဲ။ ကောင်မလေးပြန်လာမယ်ဆိုတဲ့
> မျှော်လင့်ချက်နဲ့ပေါ့ ။ ။ ။ ။ ။ ။ :(

--
ချစ်ခြင်းများစွာဖြင့်

ဆက်ဖတ်ကြည့်ဗျာ...

တစ်ချိန်က

date Fri, Aug 28, 2009 at 8:34 AM
subject တချိန်မှာ
mailed-by gmail.com

hide details 8:34 AM (2 hours ago)

ဒီဟာလေးဖတ်ပြီတော့ ကျွန်တော်အတွေးတွေကိုပြောချင်ပါတယ်။
သူများတွေကိုအပြစ်တင်မဲ့အစား ဒါလေးတွေလိုက်နာကြရအောင်လား။ အပြည့်အ၀ မဟုတ်တောင်ပေါ့.................

(၁) အပြင်ထွက်လို့ အသက်ကြီးပြီး ချို့တဲ့တဲ့ လူတွေတွေရင် ကိုတတ်နိုင်သလောက်လှု ခဲ့ကြပါ။ (ဒါဟာကုသိုလ်ပြုတာပါပဲ။ )
(၂) လမ်းမှာရောက်နေတဲ့ (အစွန်းရောက်နေတဲ့) သူငယ်ချင်းတို့ကို ဖျောင့်ဖြပါ။
ကိုယ်တတ်နိုင်သလောက်ပေါ့။
ကဲ..အောက်ကဟာဖတ်ကြည့်ရအောင်။ တခြားဟာတွေလည်းထပ်ဖြေကြပေါ့။
*********************************************************************************


သင် ဘယ်နိုင်ငံမှာ နေရတာ အကောင်းဆုံးလဲ ဆိုတာ
.................အခြားနိုင်ငံရေးတွေ မပါခဲ့ရင်ပေါ့


ဒီနိုင်ငံက သက်ကြီးရွယ်အို"အနန္တဂိုဏ်းဝင် ကျေးဇူးရှင်"၊ "ကြီးသူကို
ရိုသေ၊ ငယ်သူကို သနား၊ ရွယ်တူကို လေးစား" …စတဲ့ အဆုံးအမတွေနဲ့ 
ကြီးပြင်းခဲ့ရသူ၊ လိုက်နာခဲ့ရသူ ကျွန်မလို မြန်မာလူမျိုး တယောက် အတွက်
ဒီိနိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ ဘ၀ကို တွေ့ တိုင်း၊ မြင်တိုင်း၊
ကြားတိုင်း ရင်ထဲမှာ နင့်နင့်သီးသီး ဆို့ ဆို့ နင့်နင့် ခံစားရမြဲ။
ဆင်းရဲချမ်းသာမှုတွေကြား ဘယ်အရာကများ လစ်ဟင်းပျောက်ကွယ်နေလဲလို့ 
မဆုံးနိုင်မေးခွန်းတွေနဲ့ လုံးလည်လိုက်စမြဲ။

မြင်ကွင်း(၁)
လူစည်ကားသော ဘူတာရုံတွေမှာ အဖိုးအိုကိုတွေ့ ရတတ်သည်။ အင်္ကျီဗလာ
ဘောင်းဘီတိုနဲ့ ဘာဂျာကို အဆက်မပြတ်မှုတ် ဘောလုံးလေးကစားပြရင်း
ထမင်းတလုတ်အတွက် ပိုက်ဆံရှာရသူ။ အသက် ခုနှစ်ဆယ်ကျော်လောက် အရွယ်
ဘယ်လောက်ကျန်းမာသည် ပြောပြော ခုလို ပင်ပင်ပန်းပန်း
ဘယ်ရုန်းကန်ချင်ပါ့မလဲ။ သူကို့ တွေလျှင် လူတွေက သူဖျော်ဖြေတာကို
ပြူံးပြီး ပိုက်ဆံထည့်ကြသည်။ ကျွန်မကတော့ ဘယ်တော့မှ မပြုံးနိုင်ပါ။
ပိုက်ဆံလှူဒါန်းတိုင်း ချွေးတွေပြန်နေအောင် ပင်ပန်းနေသည့် သူ့ ကို
ကြည့်ပြီး မျက်ရည်ဝဲရမြဲ။ ခုတော့ သူ့ ကို မတွေ့ ရတာ ကြာပြီ။
တခုခုများဖြစ်သွားလားလို့  တွေးပြီးစိတ်ပူမိသေးသည်။
*****

မြင်ကွင်း(၂)
ရုံးက သူငယ်ချင်းနဲ့  စကားပြောရင်း အမှတ်တမဲ့ သိလိုက်ရသည်။ သူ့ အမေက
ရုံးတရုံးမှာ သန့် ရှင်းရေး အလုပ်လုပ်သည်တဲ့။ ကျွန်မ အတော်အံသြသွားသည်။
ရုံးမှာ သန့် ရှင်းရေးလုပ်သည်ဆိုသည်မှာ ဖုန်စုပ်၊ ကြမ်းတိုက်၊
အိမ်သာဆေးတဲ့ အထိ။ Brandတွေနောက် ကောက်ကောက်ပါအောင် လိုက်တတ်သော၊
နိုင်ငံပေါင်းစုံမှ အစားအစာပေါင်းစုံကို ရူးသွပ်သော သူက အမေ့ကို
ဒီအလုပ်မျိုးလုပ်တာ လက်ပိုက်ကြည့်နေလောက်အောင်
မချို့ တဲ့တာ သေချာသည်။ အမေက အသက်ဘယ်နှနှစ်လဲဆိုတော့ ၆၅ တဲ့။
အကြောင်းပြချက်ကတော့ အမေအလုပ်မလုပ်ရင် အမေ့အိမ်စရိတ် ဘယ်သူပေးမလဲတဲ့။
ကျွန်မမှာ စကားလုံးတွေ ရှားပါးကုန်သည်။
*****

မြင်ကွင်း(၃)
အဖွားအိုက အဖိုးအိုကို တွဲနေကျ။ တုန်ချိချိခြေလှမ်းများကို လူရှုပ်သော
စားသောက်ဆိုင်က အချိန်ဆင်းရဲသည့် လူငယ်တချို့ က စိတ်မရှည်။
ပြည့်နေသောအမှိုက်ပုံးကို တွေ့ တော့ အဖိုးအို၊အဖွားအိုရဲ့
မွဲခြောက်ခြောက် မျက်လုံးလေးတွေ အရောင်လက်သွားသည်။ အဖိုးက အမှိ
ုက်ပုံးထဲမှ အအေးသံဗူး၊ သတင်းစာအဟောင်းတွေကို ရှာ၊ အဖွားက
အဖိုးကမ်းပေးသော သံဗူးလေးတွေကို ခြေထောက်နဲ့ ဖိပြားပြီး သူတို့ ရဲ့
ညစ်နွမ်းနွမ်းအိတ်ထဲကို ထည့်သည်။ ဒီမြင်ကွင်းကြောင့် စားလက်စ ထမင်းတွေ
မျိုမကျ။ ဒီနိုင်ငံမှာ တွေ့ နေကျမြင်ကွင်းပေမယ့် ကျွန်မရင်ထဲက ဆို
့နင့်မှုက အမြဲအသစ်ဖြစ်တတ်သည်။ ခဏနေတော့ သူတို့ လက်ထဲမှာ ညစာအတွက်
ငွေစလေးတွေ။ တကယ်လို့ များ ညစာအတွက် မလုံလောက်သောညတွေ ဆိုရင်…။
*****


မြင်ကွင်း(၄)
အသက် ၈၀ကျော် ယောက္ခမကြီးကို မကျန်းမာလို့  လူအိုရုံပို့ လိုက်ပြီလို့ 
ကျွန်မ အရာရှိက လာပြောတော့ ဟန်မဆောင်နိုင်စွာ မျက်လုံးပြူးသွားမိသည်။ သူ
့ယောက္ခမကြီး နေမကောင်းနေတာ ကြာလှပြီ။ ခုတော့ လူအိုရုံတဲ့။ လူအိုရုံမှာက
အမြဲ စောင့်ရှောက်မဲ့သူ ရှိတော့ ပိုအဆင်ပြေသည်တဲ့။ အရင်က သူတို
့တအိမ်လုံးကို ယောက္ခမကြီးက ချက်ပြုတ်ကျွေးခဲ့သည်။ လိုတုန်းကတော့ တမျိုး…
မလိုတော့စွန့် ပစ်ပြီ။ ကွန်ဒိုမှာနေပြီး တနှစ်တခါ ကမ္ဘာပတ်နေသူတွေက အမေကို
စောင့်ရှောက်ဖို့  မစွမ်းသာတော့ဘူးလား။
သူ့ ကိုနေ့ တိုင်းတော့ သွားတွေ့ မှာပေါ့နော်လို့  လျှာရှည်မိတော့
အချိန်ဘယ်မှာလဲတဲ့။ အလွန်ဆုံးတလ တခါပေါ့တဲ့။ လူအိုရုံထဲက သားသမီးတွေ၊
မြေးတွေ အလာကို မျှော်နေမယ့် မေတ္တာငတ်တဲ့မျက်ဝန်းတစုံကတော့။
*****

မြင်ကွင်း(၅)
ပိတ်ထားသောတံခါးနောက်ကွယ်မှ…။ တုန်ချိချိအမေအိုကြီးကို အခိုင်းအစေလို
စကားပြောနေသည့် သမီး။ အမေရေချိုးတာ ကြာလို့ ဆိုကာ ရေဖိုးကုန်မှာ ကြောက်၍
အပြင်ကနေ ရေကို ပိတ်ပစ်လိုက်သည်။ ဆပ်ပြာတွေနဲ့ အမေထွက်မေးတော့ အမေကို
သင်ခန်းစာပေးသည့် သမီးမျက်နှာက ရိုက်ချင်စရာ။ အမေကတော့ မရိုက်ရက်။
မျက်ရည်ဝေ့သီနေသော မျက်ဝန်းများနဲ့  ငေးကြည့်လို။ ဒါတကယ့် အဖြစ်အပျက်တဲ့။
ဒီနိုင်ငံက ပိတ်ထားသောတံခါးနောက်ကွယ်မှ တကယ့် အဖြစ်အပျက်တွေ။ ကျွန်မ
TVမျက်နှာပြင်ကို ကြောခိုင်းလိုက်သည်။ အဲဒီလောက် အသဲမမာပါ။ ရင်ထဲမှာတော့
ကြေကြေကွဲကွဲ။
*****

မြင်ကွင်း(၆)
အိမ်ဘေးအိမ်မှာ အ၀တ်လာလျှော်နေကျ အဒေါ်ကြီးကို မုန့် ဟင်းခါးဆိုင်မှာ တွေ
့တော့ အမေက နှုတ်ဆက်သည်။ ထမင်းနပ်မှန်အောင် မနဲစားနေရသည့် သူ့ ကို မုန်
့ဟင်းခါးဆိုင်မှာ တွေ့ တာ အတော်ထူးဆန်းသည်ကို။ အမေအိုကြီးမုန်
့ဟင်းခါးစားချင်တယ်ဆိုလို့  ရှိတဲ့ပိုက်ဆံလေးနဲ့ လာဝယ်တာတဲ့။ မြန်မာပြည်
အလည်ပြန်တုန်း တွေ့ လိုက်ရတဲ့ ဒီအဖြစ်လေးက ရင်မှအနာကို သက်သာစေသည်။ သူ
့စေတနာက သူ့ ကို လက်ငင်း အကျိုးပေးပါသည်။ အမေက တအိမ်လုံးအတွက် မုန်
့ဟင်းခါးကုသိုလ်လုပ်လိုက်တော့ သူ့ မှာ ၀မ်းသာလို့ ။ မုန့် ဟင်းခါးမစားရတာ
နှစ်နဲ့ ချီနေပြီတဲ့။ လူမွဲသော်လည်း စေတနာ၊မေတ္တာချမ်းသာသူ။
*****

ကုန်ဆုံးခါနီး ဘ၀နေ့ ရက်တွေမှာ အသက်ရှင် နေထိုင်ဖို့ အတွက်
ရုန်းကန်နေကြရသည့်… ဒါမှမဟုတ် နောက်ဆုံးအချိန်ကို ကြေကွဲသော အထီးကျန်နေ
့ရက်များဖြင့်သာ ပြီးဆုံးသွားရသည့် သူတို့ ၏ ဘ၀များကို တွေ့ ရတော့ မိခင်၊
ဖခင်ကို အိမ်ဦးခန်းမှာထားပြီး ကျွေးမွေးပြုစုတတ်သည့် ကျွန်မတို့ နိုင်ငံ၏
မြင့်မြတ်သော ယဉ်ကျေးမှု အတွက် ဂုဏ်ယူမိသည်။

--
ချစ်ခြင်းများစွာဖြင့်
(ညီမလေးပို့တဲ့ မေးလ်လေးတွေကို ပြန်တအမှတ်တရ သိမ်းတဲ့ အနေနဲ့ပေါ့။မျှဝေလိုက်တာပါ၊စာကောင်းလေးတွေပေါ့။ညီမလေးက ဘယ်တော့မှ ဘယ်သူ့ဆီက ရတယ်လို့ မပြောတာလဲ ထုံးဏ့ပဲ။ဖြစ်လာရင် ကိုယ်ကပဲ လိုက်ပြောရတော့မယ်ထင်တယ်။တစ်ချို့နေရာတွေက ပြောပြီးမှ ယူပါရှိသလို တစ်ချို့နေရာတွေကတော့ ကိုယ့် စာလေးတွေ သူများဖတ်ပြီး အကျိုးရှိ ပြီးရော များများဖတ်နိုင်လေ ကောင်းလေ ဆိုတာမျိုး ခွင့်ပြုထားတာ ထင်ပါတယ်။အဲလိုလဲ ရှိတတ်ပါတယ်။အခု ပို့စ်လေးတွေက တကယ် ကောင်းလို့ တင်ပေးလိုက်တာလေးပါ။)

ဆက်ဖတ်ကြည့်ဗျာ...

Tuesday, August 25, 2009

အမှိုက်များ



လေးထပ်ရဲ့ ပြတင်းတစ်ချပ်ကနေ ခြံဝင်းတစ်လျောက် ကြည့်မိချိန်ကစပြီး
အမှိုက်တွေကို သတိထားကြည့်မိတယ် အမှိုက်တွေ ခြံဝင်းထဲမှာ
အမှိုက်ရှိတဲ့ နေရာတွေကို သတိထားရကောင်းမှန်းသိပြီး မြင်မြင်နေရတယ်
အဆောက်အဦပေါ်မှာ အမှိုက်တွေ ... ခန်းမဆောင်ထဲမှာ ...
အိပ်ခန်းထဲမှာ ... အိပ်ယာပေါ်မှာ ...မွေ့ယာပေါ်မှာ ... ခေါင်းအုံးထဲမှာ
ဖက်လုံးထဲမှာ ... ခန္ဓာကိုယ်ထဲမှာ ... စိတ်ထဲမှာ ...မျက်လုံးထဲမှာ ... နားထဲမှာ
အမှိုက်တွေ ထောင်းလမောင်း ခတ်နေတော့တယ်။

အမှိုက်တွေ က တရစပ် ထွက်ကျနေပြန်တယ် ... အပေါ်က ဘေးက အောက်ခြေက အလျှိုလျှို
အသံတွေထဲက ဝေါဟာရတွေထဲက ပါးစပ်ထဲက
ဖြတ်မောင်းသွားတဲ့ ကားပေါ်က တစ်ခြိမ်းခြိမ်းခုတ်မောင်းသွားတဲ့ ရထားပေါ်က
လွင့်နေတဲ့ စိတ်ထဲက လဟာပြင်ထဲက တသွင်သွင် စီးနေတဲ့ လေတွေ ထဲက
အွန်လိုင်းပေါ်က မကောင်းတကောင်းကွန်နရှန်ထဲက ကွန်နရှန်ကို ဖြတ်သန်းလာတဲ့ အဓိပ္ပါယ်တွေထဲက
ကြိုးတန်းလန်းနဲ့ ဝဲနေတဲ့ စွန်လေးပေါ်က ပျံနေတဲ့ ငှက်ကလေးပေါ်က
သစ်ကိုင်းကနေ အိမ်အမိုးတစ်ခုပေါ်ခုန်ကူးလိုက်တဲ့ ရှဥ့်လေးပေါ်က
ငှက်ကလေးနားလိုက်လို့ တုန်ရီသွားတဲ့ သစ်ကိုင်းလေး ပေါ်က အမှိုက်တွေ ထွက်ကျနေတယ်။

အမှိုက်တွေ ပေါလော မျောနေတယ် ပင်လယ်ရေပြင်ကျယ်မှာ ကမ်းစပ်ရဲ့ အနားသပ်လေးမှာ
မနမ်းဘူးသေးတဲ့ လက်ခုံလေးပေါ်မှာ ...နမ်းမဝသေးနဲ့ ပန်းရနံ့ပေါ်မှာ
ကဗျာစကားလုံးတွေပေါ်မှာ ကဗျာဖတ်နေတဲ့ မျက်ဝန်းတွေထဲမှာ
အွန်လိုင်းပေါ်မှာ မသန့်စင်သေးတဲ့စိတ်အစဉ်မှာ ရိုက်နေတဲ့ ကီးဘုတ်ပေါ်မှာ
ကျမ်းကိုးကျမ်းကားတွေမှာ နုတ်ကမ္ဗတ်တော်ထဲမှာ ယုံကြည်မှုထဲမှာ အမှိုက်တွေ ပေါလော
ဘာသာရေးထဲမှာ လူမှုရေးထဲမှာ ...ရေးတွေပေါင်းများစွာမှာ ယဉ်ကျေးတဲ့ လူ့ဘောင်ထဲမှာ
လူတန်းစားအလွှာ အသီးသီးထဲမှာ ဖယ်ရှားသင့်တဲ့ အမှိုက်တွေ ပေါလော မျောနေတယ်။

ကမ္ဘာဦးရေမှော်ရေမြှုပ် အဖြစ်ကနေလက်ရှိမျက်မှောက်အချိန်အထိ
အချိန်ကာလပေါ်မှာ အမှိုက်တွေ
နေရာတွေမှာ ဇိမ်ခန်းထောင်ထားတဲ့ ဝါးအိမ်တွေမှာ သမ္မတအိမ်ရာတွေမှာ
တရားရိပ်သာတွေမှာ ဘိုးဘွားရိပ်သာတွေမှာ သင်းချိုင်းဇရပ်ပေါ်မှာ
ဘုန်းတော်ကြီးကျောင်းတွေမှာ ဘုရားကျောင်းတွေမှာ မြို့ တွေမှာ နယ်တွေမှာတောတွေမှာ
လူသားဘဝ အစတည် ဆီ ကြည်တည်စကနေ အမှိုက်ပြာ ဖြစ်ချိန်ထိ အမှိုက်တွေကို ပစ်လာခဲ့
ခေတ်တိုင်းရဲ့ ဇာတ်ကောင်တွေ ဟာ အမှိုက်တွေ ပဲလား
လူတိုင်းရဲ့ နှလုံးသားတွေဟာ အမှိုက်တွေပဲလား အမှိုက်တွေကို မြင်နေရပြန်တယ်
ငါတို့ ကုန်းရုန်းပေးနိုင်သမျှပေးနေခဲ့ကြတာတွေက အမှိုက်တွေတဲ့လား
ခင်ဗျားတို့ လောဘတကြီး သိမ်းကြုံးယူနေခဲ့ကြတာတွေက အမှိုက်တွေ များဖြစ်နေမလား။

သိမ်းတတ်ဖို့ နည်းလမ်းတွေ လိုမယ် ထင်တယ်လေ
ပုံစံအမျိုးမျိုးနဲ့ ရှင်းလင်းနေကြတာပဲ မဟုတ်လား
တံမျက်စည်းလှည်းနေကြတာပဲ မဟုတ်လား
ကိုယ် မှန်တယ် ထင်ရာ အယူအဆ အမြင်အကြည့်တွေနဲ့ပေါ့
မကိုက်ညီရင်တော့ အမှိုက် ဖြစ်စေ လွင့်ကျလာတဲ့ အမှိုက်တွေပဲပေါ့
သန့်ရှင်းရေးလုပ်နေတဲ့ စိတ်ထဲမှာ အမှိုက်တွေ ထောင်းထောင်းထနေတတ်တယ်
အမှိုက်သိမ်းကားကြီးက တစ်ခါတစ်လေ (လူကြီးလူကောင်းတွေ မြင်ကွင်းမှာ) အမှိုက်ဖြစ်နေမလား
အမှိုက်ပုံ အောက်မှာ ဆောင်ပုဒ်တွေ ခေါင်းစီးတွေ နောက်ဆုံး
အမှိုက်မပြစ်ရ ဆိုင်းဘုတ်ကြီး အမှိုက်ပုံအောက်ရောက်နေတာရော ရှိနေမလား
ခင်ဗျား ပတ်ဝန်းကျင်က အမှိုက်တွေ ကို အရင် ပြန်ကြည့်လိုက်ပါဗျာ။ ။


ဆက်ဖတ်ကြည့်ဗျာ...

Monday, August 3, 2009

“ သူငယ်ချင်း ”

မူးပဲဖြစ်ဖြစ် ချောင်းပဲဖြစ်ဖြစ်
စမ်းပဲဖြစ်ဖြစ် စိမ့်ပဲဖြစ်ဖြစ်
မြစ်ထဲကိုစီးပြီးရင်တော့ ပင်လယ်ဆီသွားမှာပဲ
ငါတို့ သူငယ်ချင်း အစုဟာ ပင်လယ်ဖြစ်တယ် ။

အရက်တစ်လုံးမှာ ဘယ်နှစ်ပက်ပါသလဲ မမေးနဲ့
၈ ယောက်ရှိလို့ ၂ပတ်လည်ရင် တော်ပြီ
ဆေးလိပ် တစ်ပွဲမှာ ဆေးလိပ်ဘယ်နှစ်လိပ်ပဲ ပါပါ
တစ်ယောက်နှုတ်ခမ်းကနေ နောက်တစ်ယောက်နှုတ်ခမ်း
မီးခိုးမပြတ်တမ်း ရှိုက်ဖွာ ခံရမှာပဲဖြစ်တယ် ။

စစ်ရေးပြတစ်ခုလို ယိမ်းတစ်ခုလို
တစ်ယောက်ညို့ရင် အကုန်လိုက်ညို့
တစ်ယောက်ခြိမ်းရင် အကုန်လိုက်ခြိမ်း
တစ်ယောက်ရွာရင် အားလုံးက ထစ်ထစ်ချုန်းချုန်း

မန်ယူအသင်းရဲ့ အောင်ပွဲဟာ
အားလုံးရဲ့ မျော်လင့်ချက်ဖြစ်လား ဖြစ်ခဲ့တယ်
ကျဆိမ့် တစ်ခွက်ဟာ အားလုံးအပေါ်
တစ်ငုံစာစီ ဖြစ်လား ဖြစ်ခဲ့တယ်

သူ့အင်္ကျီဟာ ငါ့အင်္ကျီ
ငါ့ဘောင်းဘီဟာ သူ့ဘောင်းဘီ
ဒီကောင့် ပုဆိုးဟာ ဟိုကောင့်ပုဆိုး
ဟင်းတစ်အိုးတည်းမှာ ဇွန်း ၁၀ချောင်းပြုံလို့
ဒွေးရောယှက်တင်
လုံးလားထွေးလား
မုန့်လုံး စက္ကူကပ်
ကြာကလပ်ပေါ်မှာ အားလုံးဆွမ်းတော်တင်

ဂစ်တာကို ဒေါင်ဒေါင်ဒင်ဒင်ခတ်မယ်
တစ်ယောက်က တီး တစ်ယောက်စီအတွက်တီး တစ်ပုဒ်စီတီး
ပါးစပ်ကတီး လက်ကတီး

ပါးစပ်ကဆို လက်ကဆို
Chorus ဆို ဂစ်တာသံကိုဖုံးလို့ဆို
မတီးလည်းဆို တီးလည်းဆို
မဆိုလည်းတီး ဆိုလည်းတီး
မတီးလည်းက တီးလည်းက
မကလည်းတီး ကလည်းတီး
အစွဲကြီး အလမ်းကြီးမထားပဲ ပွဲကြီးလမ်းကြီးများမယ်ဟေ့ ။


သူ့အိမ် ငါ့အိမ် မင်းအိမ်
မင်းညီမ သူ့ညီမ ငါ့ညီမ
အပြန်အလှန် ကူလူး ဆက်နွယ် ယှက်ဖြာ
အဲဒီမှာ ပွင့်တဲ့ပန်းတွေကိုတောင် အမည်မပေးရသေးဘူး
“ ဧည့်သည် ပါတယ်ဟေ့ ”
ခပ်ရီရီတစ်ချက်နဲ့ ခပ်သွက်သွက်တစ်ခွန်းလှမ်းပြော
“ သွားစမ်းပါကွာ
ဒီဝိုင်းက တစ်ခွက်ဝင်ပြီးလို့မှ သူစိမ်းဖြစ်နေသေးရင်
အဲဒီ သူစိမ်းကို အမြည်းလုပ်ပစ်မယ် .. လာ ”
အဲဒီလိုနဲ့ပဲ ခွက်တွေလေထဲမှာ ကြွပျံတက်လို့ ဘောင်ဘင်ခတ်မိတယ်

စကားဝဲသူ စကားနည်းသူ မရှိရဘူး
စကားပြောပြီး တအား ဖော စေရမယ်
Tsar* ခေါင်းလောင်းကြီးလည်း အသံမြည်အောင် ထိုးပစ်လို့ရတယ်
MrBean ကြီးမှိုင်အောင်လည်း ပြောကြမယ်
နက်သထက်နက်တဲ့ ညတွေ
အဆက်မပြတ် မျောဝင်စီးဆင်း
သတင်း အတင်း အဖျင်း
ငြင်းကြခုန်ကြ အော်ကြဟစ်ကြ

သူ့ဇယားက ကိုယ့်ဇယား
သူ့အကွက် ကိုယ့်အကွက်
ရှင်းလိုက် ရွေ့လိုက်
တစ်ခါတစ်လေ မိုက်ချင်လည်းမိုက်တယ်
အိမ်မရှိ ယာမရှိ
နေ့မသိ ညမသိ
အချိန်မသိ နာရီမကြည့်
ရှိရင်လည်းရှိသလို မရှိရင်လည်းမရှိသလို ပျော်မွေ့နေတတ်တယ်
အော်ဟစ်ဆဲဆို ရန်တွေဖြစ်ပြီးမှ ပြန်ချစ်တယ်
တစ်မိုးတည်းနေ
တစ်ခွက်တည်းသောက်
တစ်ကိုင်းတည်းနား
တစ်ခုတင်တည်းအိပ်
တစ်ချိန်တည်းမှာပဲ ငါတို့ဟာ လင်မယားဖြစ်ခဲ့တယ်
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့

အဲဒီပင်လယ်ကြီးဟာ
တစ်ခါတစ်ရံ ဆူညံတာကလွဲရင်
အမြဲတမ်း ငြိမ်သက်စည်ဝေ
လင်းလွတ်ပေါ့ပါး ကြွပျံလွှင့်တက်လို့
ဒီနေ့အထိပဲ ။

ဗသားချော

ဆက်ဖတ်ကြည့်ဗျာ...

ကိုရင်ငပိန်

အွန်လိုင်းမှာ အကြိုက်ဆုံးဝတ္ထုတိုလေးတစ်ပုဒ်ကို ဆရာမချောအိမာန်ဘလော့ဂ်ကနေ ယူပြီး တင်ပေးလိုက်ပါတယ်။စာရေးဆရာဆိုတာ လူတွေကို ထိခိုက်ခံစားသွားနိုင်အောင်ရေးပေးနိုင်ရမယ် ဆိုရင် ဒီဟာလေးလို စာမျိုးကို ပြောမယ် ထင်တယ်။ဆရာမနေရာကို လင့်ပေးထားပါတယ် တစ်ခြား ရသလေးတွေ သုတလေးတွေလဲ သွားပြီး ခံစားနိုင်ပါတယ်။


ဒီနေ့ မိုးတွေက မှိုင်းနေတာ နေတောင် မပွင့်ဘူး။ရာသီဥတုကလည်း ဒီနောက်
ပိုင်းဆို ပိုအေး လာတော့မယ်။ ဗီရိုထဲမှာ အခင်းတွေ ရှိသလို ခြုံထည် စောင်တွေ
ရှိသေးတယ်။ ထုတ်ထားဦးမှ။ ဒီညတော့ ဒီအတိုင်းကျိန်းလို့ မဖြစ်ဘူး။
ဟိုတစ်နေ့ကတောင်စောင်မခြုံမိလို့ လက်ဖျံ တစ်ခုလုံး အေးစက်နေတာ။
တွေးရင်းပဲမနှစ်ကမယ်တော်ကြီးလှူထားတဲ့တဘက်ချည်စောင်ကြီးကိုထုတ်ဖို့သတိရမိ
တယ်။

"ဆရာတော်၊ ဆရာတော်"

"ကိုယ်တော် အမောတကောနဲ့ ဘာလဲ"

"ဟို ကိုရင် ငပိန်လေ၊ ပြောစကား နားမထောင်ပြန်ဘူး ဘုရား"

"ဟေ ဘာဖြစ်ပြန်ပြီတုံး"

"တစ်ခါတုန်းက တီဗီ ခိုးကြည့်တယ်၊ အခု ထမင်းတွေ ခိုးထားတာ တွေ့တယ်"

"ဟေ ဟုတ်လား၊ ဘယ်လို တွေ့တာတုန်း"

"ကြွပ်ကြွပ်အိတ်နဲ့ အထပ်ထပ် ထုတ်ပြီး ကျောင်းအောက်က ၀ါးလုံးတန်းတွေ
ထိုးထားတဲ့ အထဲမှာ ညှပ်ထားတာ ဘုရား။
တပည့်တော် မသင်္ကာလို့ လိုက်ကြည့်တော့ တွေ့တာပဲ။ ဆရာတော် မဟုတ်ရင်
တပည့်တော် တို့ကို မကြောက်ဘူး ဘုရား"

"ဒီ ကိုရင် ငပိန်နဲ့တော့ ခက်ပါတယ်"

"ဒီ ကိုရင်ကြောင့် အခြား စာလာသင်ယူနေကြတဲ့ ကိုရင်တွေပါ ပျက်စီးတော့မှာပဲ"


"ဟုတ်တာပေါ့လေ။ ကဲ ကိုယ်တော်၊ ကိုရင်ငပိန် လွှတ်လိုက်၊ ဆရာတော်
ခေါ်နေတယ်လို့"

"တင်ပါ့ ဘုရား။ တပည့်တော် သွားပါဦးမယ်"

"အေး ... အေး"

ငပိန်၊ ငပိန်။ ဒီအမည် နာမကလည်း သူတို့ ကိုရင် အချင်းချင်း ပေးလိုက်ကြတာနဲ့
ကိုယ်တော် ကိုယ်တိုင် ငပိန်လို့ပဲ ခေါ်မိနေတဲ့ အဖြစ်။ နာမည်အရင်းကတော့
ပြောတော့ ပြောသွားပါရဲ့။ မမှတ်မိတော့ဘူး။

ကျောင်းရောက်ခါစ မြင်ကွင်းကို မှတ်မိနေသေးတယ်။ မည်းညစ်နေတဲ့ စွပ်ကျယ်
ချိုင်းပြတ် ခပ်ရွဲရွဲ ခပ်ပြဲပြဲကြားက မည်းပိန် ညစ်နေတဲ့ လက်ဖျံလေးတွေဟာ
ကျူရိုးလေးလား အောက်မေ့ရတယ်။

ပုဆိုးက ၀တ်ထားတဲ့ နေရာမှာ လုံးပြီး ကြီးနေသေ။ မနိုင်တနိုင့်။ ပုဆိုးတောင်
ကျွတ်ကျ လိုက်သေးတယ်။ လူက ငယ်ငယ်။ အင်း .... ခုနစ်နှစ် ၀န်းကျင်းပဲ ရှိသေး
တယ်။ ဆံပင်တွေ ဆိုတာ ရွှံ့ခဲတွေတောင် ကပ်နေသေးတယ်။ ရွာမှာ ကျွဲကျောင်း
တာဆိုပဲ။ ကျွဲနဲ့ အပြိုင် ရွှံ့လူး နေခဲ့ပုံရတယ်။ အသားအရေကလည်း မည်းပိန်ခြောက်
ကပ်နေတာ။ ရွာမှာ အဖေက အရက်သမား စစ်စစ်။ ရေမရောဘူး။

တွေ့ကရာ ထိုးအိပ် နေတာ။ အမေက နောက်အိမ်ထောင် ပြုသွားတော့ ဒီငပိန်ကို
ဘယ်သူမှ ကြည့်ရှု စောင့်ရှောက်မယ့်သူ မရှိဘူး။ သူတို့ရွာက မိန်းမကြီး ဒေါ်မြတဲ့။
သူ လိုက်ပို့တာ။ ဒီကျောင်းရောက်တဲ့ကလေးတွေ အားလုံး အကုန် ကိုရင်ဝတ်၊
သင်္ကန်းဆီး ပေးတယ်။ စာသင်ပေးတယ်။ ငပိန်က ဘယ်ဝတ်ချင်လိမ့်မလဲ။

ဒါပေမယ့် ထမင်းစားစရာ နေရာ ဆိုလို့ သူ့အတွက် ဒီနေရာပဲ ရှိတယ်။ ဒါကြောင့်
သူ ကိုရင် ၀တ်ရတယ်။ ကိုရင်ဝတ်မှ ထမင်းစားရမယ်လို့ ငပိန် နားလည်ထားတယ်။

သူက ပြဿနာလေးတွေတော့ အမျိုးမျိုး ရှာလာတတ်တယ်။ ရောက်စကတော့
ကုပ်ချောင်း ကုပ်ချောင်းနဲ့။ အခုကျောင်းကို ရောက်တာ သုံးနှစ်ကျော်ပြီ ဆိုတော့
ကျောင်းပါး ၀လာတယ် ခေါ်မလား။ ကျုပ်ကလွဲရင် ဘယ်သူ့ကိုမှ သိပ်မကြောက်ဘူး။
သူတို့တွေကို ကိုယ်ချင်းစာစိတ်နဲ့ ငဲ့ညှာတာကို ကမ်းတက်ချင် လာတာလား။ ဟင်း ...။

"ဆရာတော် တပည့်တော် ရောက်ပါပြီ ဘုရား"

"ကိုရင် ငပိန် အပြစ် သိတယ်နော်"

"တင်ပါ့"

မနက်ဖြန် မနက် ကိုရင်တွေ အားလုံးရှေ့မှာ မတ်တတ်ရပ်ပြီး အော်ရမယ်။ ကြားလား။
ပြီးရင်နားရွက်ဆွဲ ထိုင်ထ ငါးဆယ် လုပ်ရမယ်"

"တင်ပါ့ဘုရား။ ကြားပါတယ်"

"လိုက်မှတ်"

"တင်ပါ့ ဘုရား"

"ကိုရင်ငပိန် ဆွမ်းခိုးပြီး ကျောင်းအောက်တွင် ၀ှက်ထား မိပါတယ်။ နားရွက်ဆွဲ ထိုင်ထ
အခါငါးဆယ်လုပ်ရမယ်"

"မှတ်မိလား။ ပြန်ဆို"

"တင်ပါ့။ ကိုရင်ငပိန် ဆွမ်းများကို ခိုးပြီး ကျောင်းအောက်တွင် ၀ှက်ထားမိပါတယ်။
ထိုင်ထအခါ ငါးဆယ် လုပ်ရပါမယ်"

"နားရွက်ဆွဲ ကျန်သေးတယ်"

"တင်ပါ့ဘုရား"

"အခုတစ်ခါတော့ နောက်ဆုံး အကြိမ် ဒီလောက်နဲ့ သက်ညှာပေးလိုက်မယ်။ သွားတော့"


ကိုရင်ငပိန် ထွက်သွားတော့မှ မယ်တော်ကြီး စောင်ကိုထုတ်ရင်း သတိရမိတဲ့
အကြောင်းအရာ ပေါ်လာတယ်။

ကိုရင်ငပိန်တို့လို ဆယ်နှစ်ကျော်အရွယ်တွေ မဆိုထားနဲ့။ ကျုပ် ဆယ့်ခုနစ်နှစ်သားမှာ
ကျောင်းမှာစာချကိုယ်တော်တောင် ဖြစ်နေပြီ။ အဲဒီအချိန်တုန်းက ဗိုက်က သိပ်ဆာ
တတ်တာ။ ဗိုက်ဆာလာရင်ဘာမှလုပ်လို့ ကိုင်လို့ မရတော့ဘူး။ ကျောင်းမှာ ကိုယ်တော်
လေးပါးလောက် ရှိတယ်။ ကျုပ်အရွယ်ပေါ့။

ဒီတုန်းကလည်း ဆရာတော်ကို တုန်နေအောင် ကြောက်ရတာပဲ။ အခုလို
အမှားတစ်ခုခု လုပ်မိရင် ကျောင်းပေါ်စာသင်ကိုရင်တွေရှေ့ မှောက်ပြီး အပြစ်
ခံရတယ်။
အရှက်ကွဲတာတော့ ပြောမနေနဲ့။ ကိုယ့် ထက်ငယ်တဲ့ ကိုရင်တွေရှေ့ကိုး။ နောက်ပြီး
ထင်းခွဲ ရတယ်။ ရေခပ်ရတယ်။ အများထက်ပို အလုပ်လုပ်ရတယ်။ကျုပ်တို့တုန်းက
ပဲခြမ်းကြော်ထုပ် လေးတွေကို ၀ယ်ပြီး သင်္ကန်းဝတ်တဲ့ထဲ လိမ်နေအောင်
ကျစ်ထုပ်ထားတယ်။ အပြင်မှာဆိုရင် မမြင်အောင်၊ အသံမမြည်အောင် တစ်စေ့ချင်း
အံနဲ့ကြိတ်ပြီးခိုးစားကြတယ်။

နေ့လယ် ဆွမ်းစားချိန်မှာ သပိတ်ထဲ ဆွမ်းတွေ ပိုထည့်လာပြီး ကြွပ်ကြွပ်အိတ်လေးနဲ့
အသာထုပ်ထည့်ထားတယ်။ နောက်မှ အဲဒီ အထုပ်လေးကို လစ်သလိုယူပြီး ကျောင်း
နောက်က မြေကျင်းလေးတူးထားတဲ့ အထဲမှာ သွားမြှုပ်ထားလိုက်ပြီး အပေါ်က
သစ်သားသုံးပြားလောက် မမြင်ရအောင် အုပ်ထားတယ်။

ကျောင်းပတ်ဝန်းကျင်ကနေ အမှိုက်လှည်း သလိုလိုနဲ့ ကြည့်နေသေးတယ်။ ကိုယ့်
ဆွမ်းထုပ်ကို ကြွက်များဆွဲသွားမလားလို့။ ညနေ မှောင်ရီရီမှာ ဆရာတော်လစ်ပြီ
ဆိုရင် ကိုယ်တော်တစ်ပါးကို ကျောင်းနောက်ပေါက် ၀င်းထရံတွေ ပျက်နေတဲ့နား
ကနေထိုးထွက်ပြီး သိပ် မဝေးလှတဲ့ မပြာအိမ်က ငံပြာရည်နဲ့ ငရုတ်သီးမှုန့်
တစ်ကျပ်ဖိုး သွားဝယ်ခိုင်းရတယ်။ တစ်ခါတလေ ငံပြာရည်မရရင် ဆားနဲ့ ပွဲပြီး
သွားတတ်တယ်။

ငံပြာရည်နဲ့ ငရုတ်သီးကို သင်္ကန်းနဲ့ ၀ှက်ပြီး မသိမသာ ယူလာတဲ့ ကိုယ်တော်က
အချက်ပေးတယ်။
ကျုပ်တို့ ကိုယ်တော်နှစ်ပါးက ကျောင်းအောက် မသိမသာ ဆင်းပြီး နေ့ခင်းက
ဝှက်ထားတဲ့ထမင်း ထုပ်ကိုမြေကြီးတွင်းထဲက ပြန်ထုတ်ကြတယ်။ အဲဒီ ကျင်းက
လည်း ပြောရရင်အိမ်သာနဲ့ သိပ်မဝေးဘူး။ ဒါပေမယ့်မတတ်နိုင်ဘူး။ အဲနောက်
တော့ ခပ်မှောင်မှောင်ပဲ ငံပြာရည်နဲ့ ငရုတ်သီးမှုန့်ကို ထမင်းအိတ်ထဲလောင်းချပြီး
နယ်ဖတ်စားကြတော့တာပဲ။


အဲဒီလို နေ့စဉ်မဟုတ်ပေမယ့် လစ်ရင်လစ်သလို ခိုးစားနေကျဖြစ်နေတယ်။ဆရာ
တော်လည်းမရိပ်မိဘူး။သိသွားလို့ကတော့ ဘယ်ချောင်မလဲ။ ဆရာ တော်က
သိပ်စည်းကမ်း ကြီးသလို အားလုံးကို ပညာတတ်ဖြစ်စေချင်တယ်။ အဲဒီလို
ဆရာတော်ကို ကြောက်တဲ့ကြားကပဲ တစ်နေ့မှာ...။

ဒီတစ်ခါ ငံပြာရည်နဲ့ ငရုတ်သီးမှုန့် ၀ယ်ရမှာ ကျုပ်အလှည့်။ ပိုက်ဆံ တစ်ကျပ်
တန်ကို လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မပြားအိမ်ကို ၀င်းထရံကြား
ကနေ တိုးထွက်ခဲ့တယ်။ မပြားက အဲဒီနေ့က စေတနာတွေပိုပြီးပုဇွန်ခြောက်မှုန့်
နည်းနည်းတောင် ငံပြာရည်ထဲ ထည့်ပေးလိုက်သေးတယ်။ ဆရာတော်ကို
ပြန်မတိုင်ဖို့ နှုတ်ပိတ်ခဲ့ရသေးတယ်။ ဆရာတော်သိလို့ ကတော့ ခြေသလုံးနဲ့
ကြိမ်လုံး မိတ်ဆက်ခံရဦးမှာ။မပြား အိမ်ကပြန်လာတော့ တိုက် တိုက်ဆိုင်ဆိုင်

ဆရာတော်က ကိုယ်လာတဲ့ လမ်းကနေ မျက်နှာချင်းဆိုင် တည့်တည့်ကြီး
လာနေတာ။ ဒုက္ခပဲ။ ဇောချွေးတွေ ပြန်လာရင်း လက်ထဲကိုင်လာတဲ့ ငံပြာရည်
ထုပ်ကို ၀င်းထရံဘက် ထိုးချိတ်လိုက်တယ်။

တော်သေးတယ်။ ဆရာတော်က အဲဒီကိစ္စပြီးမှ ကျုပ်ကိုမြင်သွားတာ။ ကိုယ်တော်
ဒီဘက် ဘာလာ လုပ်တာလဲမေးတော့ ကျုပ် မသိမသာ တုန်သွားတယ်။
ဒီနားခဏ လမ်းလျှောက် ထွက်တာပါဘုရားလို့ ကျုပ် ဖြေလိုက်တယ်။
ဆရာတော်က ဘာမှထပ် မပြောပေမယ့် မျက်နှာက သိပ်ကြိုက်ပုံ မရဘူး။
ကျုပ်လည်း ခပ်ကုပ်ကုပ်နဲ့ထွက်လာတာပေါ့။ ကျုပ်ကိုစောင့်နေတဲ့ ကိုယ်တော်
တွေကထမင်းထုပ် အဆင်သင့်နဲ့ ဗိုက်ဆာပြီး စောင့်နေကြတယ်။ ကျုပ်ပြောပြ
တော့ သက်ပြင်းချရင်း ဘယ်လို လုပ်မလဲတဲ့။ ခဏနေတော့ ဆရာတော်ပြန်
လာပြီး ကျောင်းပေါ် တက်သွားတာတွေ့ရတယ်။

ကျုပ်ကလည်း ထပ်မသွားချင်တော့တာနဲ့ ကျုပ် တို့ထဲက နည်းနည်းငယ်တဲ့
ကိုယ်တော်ကို ၀င်းထရံမှာ ချိတ်ခဲ့တဲ့ ငံပြာရည်ထုပ်ကို သွားယူ ခိုင်းလိုက်တယ်။
ခပ်မှောင်မှောင်မှာ ကိုယ်တော်က မှောင်ရိပ်ထဲ ပျောက်သွားတယ်။ ကျုပ်ကလည်း
ဆရာတော်ကို ချောင်းနေရတယ်။ ခဏနေတော့ ကိုယ်တော်က အထုပ်ကလေး
ဆွဲပြီး ကျုပ်တို့ဆီ သုတ်ခြေတင်လာတယ်။ ထမင်းထုပ်ကို ခါတိုင်းလိုပဲ မြေတွင်းထဲ
က ဖွက်ယူခဲ့ပြီး ခုနကယူလာတဲ့ ကိုယ်တော်ကငံပြာရည်ထုပ်ကို ဖြေရင်း ထမင်း
ထုပ်ထဲ လောင်းထည့် လိုက်တယ်။ ကျုပ်တို့ကိုယ်တော်သုံးပါးပေါ့ လက်ဆေးချိန်
တောင်မရဘူး။ တစ်လုတ်၊ နှစ်လုတ်...

"ဟ ကိုယ်တော် ကိုယ့်တော့် ငံပြာရည်နံ့က တစ်မျိုးကြီးပဲ"

"ဟုတ်တယ် ပုစွန်ခြောက်မှုန့်တွေများ ဖြူးလိုက်လို့လား"

"မဟုတ်ဘူး။ အနံ့ကိုက ငံ့ပြာရည်နံ့ မဟုတ်သလိုပဲ"

"ဟင်... ဒါ... ဒါ ကွမ်းနံ့ရသလိုပဲ"

"ဟာ ဟုတ်တယ်။ ဒါ ကိုယ်တော် ဘယ်ထရံက ဖြုတ်ခဲ့တာလဲ"

"ဟို မြောက်ဘက်ထရံ ကလေ"

"ဟာ ကိုယ်တော်ချိတ်ခဲ့တာ တောင်ဘက်ဝင်းထရံ ဟ။ ဒါဆို သွားပြီ။ ဒါကြီးက
ငံပြာရည်ထုပ် မဟုတ်ဘူး။ ကွမ်းနံ့ရနေတော့ ကွမ်းတံတွေးရည်တွေပေါ့။ အမလေး"

"ဝေါ့... အော့... ဝေါ့"

"ဒါကြောင့် ပါးစပ်ထဲ ချွဲပျစ်ပျစ် ဖြစ်နေပါတယ် အောက်မေ့တယ်"

"တော်ပါတော့"

ကျုပ်လည်း အန်ချင် လိုက်တာ ပြောမနေပါနဲ့တော့။ ဆာနေတဲ့ ဗိုက်တောင်
ဘယ်ရောက်သွားမှန်း မသိဘူး။ အဲဒီအဖြစ်ပျက်ကြောင့် ငံပြာရည်နဲ့ထမင်း
ခိုးမစား ဖြစ်တာ ကြာသွားခဲ့တယ်။

အဲဒီတုန်းက ကျုပ်တို့တွေ ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်တွေ။ စာချပုဂ္ဂိုလ်တွေ
ဖြစ်နေပြီ။ မရရအောင်ခိုးစားခဲ့ကြတဲ့အကျင့်တွေကို သိနေတာမို့ ခုလို ငပိန်
လုပ်တာလောက်တော့ ဘာဟုတ်သေးလို့လဲ။

ကျုပ်တို့တုန်းက ဆရာတော်ကြီး မမိသွားလို့၊ မိသွားရင် ခုလို ငပိန်ကို လုပ်ခိုင်း
သလိုမျိုး နောက်မလုပ်ရဲအောင် ဒဏ်ခတ်ခံရမှာ။

ကျုပ်တို့ ထမင်းကို ကွမ်းတံတွေးရည်နဲ့ မှားစားမိတဲ့ အဖြစ်ကို ပြန်တွေးမိလိုက်
ရင် အခုချိန်ထိ ဆွမ်းစား ပျက်တယ်။ ကျုပ်နဲ့ အတူစားခဲ့ကြတဲ့ ကိုယ်တော်တွေ
လည်း အခု နေရာ အသီးသီးမှာ ဆရာတော်တွေ ဖြစ်နေပါပြီ။ ကျုပ်တို့တုန်းက
စာပေကို လိုက်စားကြတော့ ၀ါသနာလည်းပါ၊ စိတ်လည်း ၀င်စားတော့တော်ကြ
တယ်။ စာတတ် ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ အခုဟာက ငပိန်တို့လို ကလေးတွေ
ကျောင်းမှာ အများကြီးပဲ။ စောင့်ထိန်း အုပ်ချုပ်မယ့် သူမရှိတဲ့ ကလေးတွေကို
ကျုပ်ကျောင်းမှာ စာတတ်လေးတွေ ဖြစ်သွားစေချင်တယ်။ နောင် သူတို့ဘဝ
ရပ်တည်ဖို့ပေါ့။ ကလေးတွေကတော့ ဘာမှမသိဘူး။ သိတဲ့ကလေးက သိတယ်။
အရွယ်စုံကိုး။ ဥာဏ်ရည်မြင့်မားတဲ့ ကလေးပါသလို၊ မမီတဲ့ ကလေးလည်း ပါမှာ
ပေါ့။

ငပိန့်လိုကလေးကျ သွန်သင် ရတာ နည်းနည်း ခက်တယ်။ သူလုပ်ချင်ရာကို
လုပ်တယ်။ ခဏခဏ တိုင်ခံရတယ်။ စာလည်း စိတ်မ၀င်စားဘူး။

ဟို တစ်လောကလည်း ကလေးတွေ စာလာသင်ပြတဲ့ ဆရာမရဲ့ ခြင်းတောင်းထဲ
ဖားပြုပ်ကြီး ထည့်ထားလို့ ဆရာမမှာ တက်မတတ် ငယ်သံပါအောင် အော်တော့
တာပဲ။ ငပိန်ကို ကြိမ်လုံးနဲ့ သုံးချက်ချပြီး အပြစ်ပေးတယ်။ ဒီလိုအပြစ် ပေးခံရတိုင်း
စိတ်ညစ် စိတ်ပျက်ပြီး ရှက်ရကောင်းမှန်း လည်းမသိဘူး။

ဒီတစ်ခါတော့ မရတော့ဘူး။ ငပိန့်ကို ဘယ်လို လုပ်မှ ရှက်မလဲ ဆိုတာကို စဉ်းစားမိပြီး
သူ့ထက်ငယ်တဲ့ ကိုရင်တွေရှေ့ ထိုင်ထ လုပ်လို့ အော်ခိုင်းလိုက်တယ်။ မှတ်ကရော။

"ကိုရင်ငပိန် ဆွမ်းများကို ခိုးပြီး ကျောင်းအောက် ၀ှက်ထား မိပါတယ်။ နားရွက် ဆွဲ၊
ထိုင်ထ အခါ ငါးဆယ် လုပ်ရပါမယ်"

"တစ်..."

စာသင်ကျောင်းပေါ်က ငပိန့်အသံပါလား။ ကိုရင်တွေက တစ်၊ နှစ်၊ သုံး လုပ်ပေး
နေတယ်။ ဒီလိုတော့လည်း ဟုတ်သား။

ဒါမှ မှတ်မှာ။ ခိုးခိုးခစ်ခစ် ရယ်သံ တွေလည်း ကြားရတယ်။ မနေ့က စာချကိုယ်တော်
တစ်ပါးကို ခေါ်ပြောထားလို့ သူက ဘေးကနေ ကြီးကြပ်ပေးနေတယ်။ ကျုပ်ကတော့
ကျုပ် ကျောင်းပေါ်ကနေ လှမ်းကြည့်ပြီး နားထောင်နေမိတယ်။ ငပိန့်အသံက ပထမ
တော့ အားနဲ့မာန်နဲ့။ နောက်တော့ တဖြည်းဖြည်း အသံ ပျော့လာတယ်။

"လုပ်... လုပ်။ အသံက အော်လေ"

ဘေးက စာချကိုယ်တော်က အော်တယ်။

"လေးဆယ်၊ လေးဆယ့်တစ်၊ လေးဆယ့်နှစ်.."

တံခါးပေါက် နားကနေ ခွာရင်း မနက်ဖြန် ခရီးထွက် ရမှာမို့ ပြင်ဆင်မိတယ်။
ရှမ်းပြည်နယ်ဘက်ကို သုံးလေးရက်လောက် သွားရမယ်။ မရောက်တာ
ကြာပြီမို့တစ်ကြောင်း၊ ကျုပ်နဲ့ထမင်း အတူတူ ခိုးစားခဲ့တဲ့ ကိုယ်တော်က
ကြွဖြစ်အောင် ဆက်ဆက်ကြွပေးပါ ဆိုတာကြောင့် ကျုပ် သွားဖို့ ဆုံးဖြတ်
ခဲ့တယ်။ ကျောင်းကို ကိုယ်တော် နှစ်ပါးဆီမှာ သေချာအပ်ခဲ့တယ်။
ကိုရင်ငပိန် ကိုလည်း သေချာ ကြည့်ထားဖို့ ထပ်ဆင့်မှာရတယ်။တော်နေ
ကိုယ်သွားတုန်း တစ်ခုခုဖြစ်သွားစိုးလို့။

ရှမ်းပြည်နယ်ဘက် ခရီး ထွက်ရတာ ကောင်းလှတယ်။ ပြင်ဦးလွင်မှာမိုးသိပ်
မရွာသေးဘူး။ ရှမ်းပြည်နယ် ဘက်တက်ရင် မိုးရွာနေမှာပဲ လို့ထင်ပေမယ့်
ကျုပ်သွားတဲ့ ရက်မှာမိုးမရွာဘူး ဆိုတော့ ပိုကောင်းသွားတယ်။ ကွတ်ခိုင်
အ၀င် အောင်ချမ်းသာမှာ ကားရပ်တယ်။ ကားပေါ်က ဒကာတစ်ယောက်က
ရှမ်း ထမင်း ကပ်တယ်။

ပူပူနွေးနွေး ရှမ်းထမင်းက စားချင့် စဖွယ်။ ခေါင်းထဲမှာ ဖျတ်ခနဲ ကိုရင်ငပိန်
ကို သတိရမိတယ်။ ဒီ ရှမ်းထမင်းနဲ့ငပိန်ကို ကျွေးချင်စိတ် ပေါ်လာမိတယ်။
ဆွမ်းစားပြီး မြေပြင် ခင်းရောင်းနေကြတဲ့ သစ်သီး သီးနှံအစုံကို လျှောက်
ကြည့်နေမိတယ်။ လမ်းတစ်လျှောက် ရာသီဥတုက သာယာတယ်။

ကွတ်ခိုင်ထဲမှာပဲ သိပ်မကြာခင်မှာ ကျုပ်မိတ်ဆွေ ကိုယ်တော့်ကျောင်းကို
ရောက်ခဲ့တယ်။
တစ်ခါမှမရောက်ဖူးတော့ နေရာစိမ်းတစ်ခုမှာ ကြည့်စရာ တွေကလည်း
အများကြီး။
ကိုယ်တော့် ကျောင်းကလည်း အလှူရှင်တွေ မဆိုးသလို စာသင်သားလည်း
များတယ်။

နောက်နေ့ ကိုယ်တော်က ကျုပ်ကို မန်လွယ်မှာရှိတဲ့ ဓာတ်တော်ရှင် ကျိုက်ထီးရိုး
စေတီတော်ကိုတောင် လိုက်ပို့သေးတယ်။ သဘာဝအရ ပေါ်ထွန်းနေတာဆိုတော့
ကြည်ညိုစရာ ကောင်းလိုက်တာ။ အဲဒီနားက နမ့်ဖက်ကာ၊နမ့်ဖက်လွန်းတို့ ခိုမုန်း၊
ဆွမ်းလုံ ဆိုတဲ့ ရွာနာမည်တွေကလည်း လှမှလှပဲ။ လမ်းတစ်လျှောက်မှာတော့
တောင်ယာတွေ၊ တောင်စောင်းတွေ အများကြီးပဲ။ အပြင်ထွက်ခဲတဲ့ ကျုပ်ကိုခေါ်ခဲ့
တဲ့ ကိုယ်တော့်ကိုလည်း ကျေးဇူးတင်မိတယ်။ ညပိုင်းတွေ မကျိန်းခင်မှာ စကား
ပြောရတာ၊ ရေနွေးကြမ်း သောက်ရတာ သိပ်အရသာ ရှိတာပဲ။ မှတ်မှတ်ရရ ကိုယ်
တော်က စကားစပေးလို့ ထမင်းခိုးစားတဲ့ အကြောင်း ပြောပြီး အားရပါးရရယ်မော
ခဲ့ကြတယ်။

တကယ်တော့ ဒီလို အဖြစ်အပျက်တွေက ဘယ်လောက် အသက်တွေ၊၀ါတွေ
ကြီးလာပေမယ့် ဘယ်လိုမှမေ့ လို့ရမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ၊ကျုပ်ဘ၀မှာ
မေ့လို့မရနိုင်မယ့် အဖြစ်အပျက် တစ်ခု ထပ်ဖြစ်လာ ခဲ့တယ်။ ကျုပ် ကျောင်းကို
ပြန်ရောက်လာတဲ့ နေ့မှာပဲ ကိုယ်တော်က ကျုပ်ကို ဆီးပြောတယ်။ ကိုရင်ငပိန်ကို
ဆေးရုံတင် ထားတယ်တဲ့။

ကျုပ် မျက်လုံး ပြူးသွားတယ်။ မနေ့ကမှ တင်လိုက်တာတဲ့။ ကျုပ် ရှမ်းပြည်နယ်
ထွက်သွားတဲ့ညက ကိုရင် ငပိန် ပျောက်သွားတယ်။ ဘယ်မှလည်း ရှာမရကြဘူး
တဲ့။ မိုးတွေကလည်း တအားရွာတယ်။ မနေ့ကမှ ချောင်းအစပ်မှာ သတိလစ်ပြီး
လဲနေတာတွေ့ခဲ့တယ်။ မိုးရေတွေကရွှဲ၊ တစ်ကိုယ်လုံး အေးစက် တောင့်တင်း
နေတာပဲ။ ဒါနဲ့ ဆေးရုံ အမြန် တင်လိုက်ရတယ်တဲ့။

ဘုရားဘုရား... ။ ဒီ ကလေး ဘာဖြစ် သွားတာပါလိမ့်လို့ အတွေးစိတ်ဝင်ရင်း
ဆေးရုံကို ကိုယ်တော်နှစ်ပါးနဲ့ အတူ ချက်ချင်းပဲ လိုက်လာခဲ့တယ်။ ဆေးရုံ
ခုတင်ပေါ်မှာ ငပိန်ကို ပုလင်းချိတ်လျက် ဖြူဖျော့နေတာကို တွေ့ရတယ်။
ကိုရင်ငပိန်လက်လေးကို ကျုပ်အသာ လှမ်းကိုင်လိုက်တယ်။ နွေးတော့
နွေးမနေ ဘူး။ ဒါပေမယ့် အေးလည်း အေးမနေဘူး။ မိုးထဲမှာ ဘယ်လောက်
များ ကြာကြာနေခဲ့ပါလိမ့်။ အခုထိ သတိမရသေးဘူး။

ဆရာဝန်ကြီးနဲ့တွေ့တော့ အဆုတ်ကို တော်တော် အအေးပတ်သွားတယ်။
နောက် သူ့မှာ ငှက်ဖျား ဓာတ်ခံ ရှိနေတယ်တဲ့။ ငှက်ဖျားလည်း ဖြစ်နေတယ်
လို့ ဆရာဝန်ကြီးက ပြောသွားတယ်။ကျုပ် တော်တော် စိတ်မကောင်းဘူး။
သူ ဘာဖြစ်လို့ ကျောင်းပြန်မလာဘဲ မိုးရေထဲမှာ နေခဲ့ရတာလဲ။ ကျုပ်အပြစ်ပေး
တာ လွန်သွားပြီလား။ ကိုရင်ငပိန်ကို အရှက် မရှိ၊ မရှက်တတ်တဲ့ ကလေးလို့
ယူဆထားတာ မှားများ မှားသွားပြီလား။ အရမ်းများ ရှက်သွားလို့လား။ ကျုပ်ကို
စိတ်ဆိုးသွားလို့လား။ အိုး အတွေးတွေ မွန်းကျပ်လာတယ်။

ငပိန် ကျန်းမာပြီး အမြန် သတိရလာဖို့ ဆုတောင်းမိတယ်။
ဒါပေမယ့် ကျုပ်ဆုတောင်း မပြည့်ခဲ့ဘူး။ နောက် တစ်နေ့
သတိလည်း လည်မလာသလို ကျုပ်လက်ပေါ်မှာတင် ဆုံးပါးသွားခဲ့တယ်။
သူ့ကိစ္စကို အကြောင်းကြားခဲ့ပေမယ့် ဘယ်သူမှ မလာခဲ့ကြဘူး။ ကျုပ်လည်း
တစ်ခါတလေ ပုထုဇဉ် လူသားဆို တော့ ခံစားမိတယ်။ ကျုပ် စိတ်ထဲမှာ
ရှမ်းပြည်နယ်မှာလည်း ငပိန့်ကို သတိရနေမိတာ။ ငပိန် ကိစ္စလေးကို သေသေ
ချာချာလုပ်ပေးခဲ့တယ်။ ဘုရားရှေ့မှာ အမျှဝေတိုင်း ကိုရင်ငပိန်ဟာ ဘုရား
တပည့်တော် အပေါ် စိတ်တစ်ခုခုဖြစ်သွားတာ ဆိုရင် အားလုံးကျေအေး
ခွင့်လွှတ်ဖို့ တောင်းဆိုမိတယ်။ တစ်နေ့တော့ ကိုရင်ငပိန်ထက် ငယ်တဲ့ ရှစ်နှစ်
စာသင်သား ကိုရင်ပေါက်စလေးကကျောင်းပေါ် တက်လာတယ်။ သူ့ပုံစံလေးက
တုန်တုန်ရီရီနဲ့။

"ကိုရင်လေး"

သူ့ကို အငယ်ဆုံးလေးမို့ ကျုပ်က ကိုရင်လေးလို့ပဲ ခေါ်တယ်။

"ကိုရင်လေး ဘာဖြစ်လာတာလဲ။ တုန်လို့ နေမကောင်းဘူးလား"

"မဟုတ်ပါဘူးဘုရား။ တပည့်တော် ဗိုက်အရမ်း ဆာလို့ပါ"

"သြော်..."

"ကဲ ကိုရင်လေး ဟို ကြောင်အိမ်ထဲမှာ ငှက်ပျော်သီးတွေ ရှိတယ်။
စား၊ ဆွမ်းစားချင်တယ် ဆိုလည်း စား"

ကိုရင်လေးကိုသနားတာနဲ့ ကျွေးလိုက်မိတယ်။ အစာအိမ်တွေဘာတွေ ရှိပြီး
ဖြစ်ရင် ခက်မယ်။ ကလေးတွေကိုး။ ကိုရင်လေးက ငှက်ပျောခိုင်က သုံးလုံး
ဖြုတ်ပြီး တစ်ခါတည်း စားပစ်လိုက်တယ်။ ဆွမ်းတော့ မစားဘူးတဲ့။ အရင်က
ဒီလို တစ်ခါမှ လာပြီး မလျှောက်ဖူးပါဘူး။

"ကိုရင်လေး အရင်က ဒီလို တစ်ခါမှ မဖြစ်ဖူးပါဘူး။ အခု ဗိုက်ဆာတဲ့ဒဏ်ကို
သည်းမခံနိုင်တော့ဘူးလား"

"တင်ပါ့ဘုရား။ အရင်က တပည့်တော်ကို ကိုရင် ငပိန်က ညနေပိုင်းရောက်ရင်
ထမင်းခိုးခိုး ကျွေးပါတယ်။ အခု သူမရှိတော့ ဗိုက်အရမ်းဆာတာ မအောင့်နိုင်လို့ပါ"

"ဟေ...။ ငပိန်က ထမင်းခိုး ကျွေးတယ်"

"သူမဆုံးခင် အပြစ်ပေး ခံရတုန်းက ဆွမ်းတွေခိုးတာ တပည့်တော် အတွက်ပါ။
သူ လုံးဝ မစားပါဘူး။ တပည့်တော်ကို သနားလို့ သူ့ထဲက ဆွမ်းကို ချန်ထားပြီး
ညနေစာ စားရအောင် ထုပ်ပြီး ကျောင်းအောက် သိမ်းတာကို သိသွားတာဘုရား"

"ဟေ... ဟုတ်လား။ ဒါနဲ့ ကိုရင်လေး သူမဆုံးခင် အကြောင်းသိရင်ပြောပြပါဦး"

"သူ အပြစ်ပေးခံရတော့ ရှက်သွားတယ် ထင်ပါ့ဘုရား။ တပည့်တော်ကိုကောင်း
ကောင်းနေခဲ့လို့ မှာပြီး အဲဒီနေ့ည မတွေ့ရတော့တာပဲ။ တပည့်တော် အတွက်
သူ လုပ်တာပါဘုရား"

"အေးကွယ် နောင်ခါ ဆာရင်လည်း ပြော။ ခိုးပြီးတော့ မလုပ်နဲ့"

"တင်ပါ့ဘုရား။ တပည့်တော် သွားပါဦးမယ်"

"အေးအေး"

ကိုရင်လေး ကျောင်းအောက် ဆင်းသွားပြီး ပျောက်ကွယ်သွားတဲ့တိုင် အချိန်
အကြာကြီး ကျုပ် အသိစိတ် ကင်းလွတ် သွားခဲ့တယ်။ မိုးတွေ သည်းသည်း
မည်းမည်း ရွာနေတယ်။ ဒီလို မိုးတွေရွာတဲ့ နေ့ဆိုကိုရင် ငပိန်ကို ပိုသတိရ
နေမိတယ်။

သြော်... တစ်ချိန်တစ်ခါက ကျုပ်တို့ ဆွမ်းခိုးစားတဲ့ အဖြစ်ဟာ ရယ်စရာ
ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပေမယ့် အခု ကိုရင်ငပိန် ဆွမ်းခိုးတဲ့ အဖြစ်ကတော့
တကယ်ကို ကြေကွဲစရာ ကောင်းနေပါပေါ့လား။

တွေးရင်းနဲ့ မိုးစက်တွေ နဲ့အတူ ကျုပ်မျက်ဝန်းမှာ၊ ကျုပ်နားထဲမှာစာသင်
ကျောင်းပေါ်ဆီက ထွက်လာတဲ့ အသံတစ်ခု...။

"ကိုရင်ငပိန် ဆွမ်းခိုးပြီး ကျောင်းအောက် ၀ှက်ထားမိပါတယ်။ နားရွက်ဆွဲ
ထိုင်ထ အခါငါးဆယ် လုပ်ရပါမယ်..."

"ကိုရင်ငပိန်..."

ဆက်ဖတ်ကြည့်ဗျာ...

လိမ်

တချို့က လိမ်တယ်
အချို့က အလိမ်ခံရတယ်

တချို့က မသိမသာ လိမ်တယ်
တချို့က သိသိနဲ့ လိမ်တယ်
တချို့က မသိလိုက်သလိုနဲ့ လိမ်တယ်

အချို့က မသိမသာ အလိမ်ခံရတယ်
အချို့က သိသိနဲ့ အလိမ်ခံရတယ်
အချို့က မသိလိုက်သလိုနဲ့ အလိမ်ခံရတယ်

“လိမ်တဲ့ ပညာကို ဘယ်သူက စ’မွေးဖွားလဲ
အာဒံလား ….
ဧ၀ လား …
ဗြဟ္မာကြီး လေးဦးလား …
ဇာခန်းဆီနောက်ကွယ်က အင်တာဗျူးလား …
ဆောင်ကြာမြိုင်က ကြာကူလီ လူတန်းစားတွေလား …
ရင်ကွဲပက်လက်လမ်းဆုံးက ဆွံ့အ နားမကြားတွေလား …
စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေလား …
အဲဒီအကြောင်းကို ပြောပြတဲ့ လူတွေလား …. ”

တချို့က ကိုယ့်ကိုယ်ကို လိမ်ခဲ့
တချို့က သူတစ်ပါးကို လိမ်ခဲ့
တချို့က အစုအဖွဲ့ကို လိမ်ခဲ့
တချို့က အမျိုးအနွယ်ကို လိမ်ခဲ့
တချို့က တိုင်းနိုင်ငံကို လိမ်ခဲ့
တချို့က အရာအားလုံးကို လိမ်ခဲ့
တချို့က လိမ်လို့ရသမျှကို လိမ်ခဲ့


အချို့က ရယ်မောစရာအဖြစ် အလိမ်ခံခဲ့
အချို့က လျှပ်တပြက်ပဲ အလိမ်ခံခဲ့
အချို့က မျှော်လင့်ချက်နဲ့ အလိမ်ခံခဲ့
အချို့က ယုံကြည်မှုကြောင့် အလိမ်ခံခဲ့
အချို့က သံဓိဋ္ဌာန်ကြောင့် အလိမ်ခံခဲ့
အချို့က သစ္စာတရားဖြင့် အလိမ်ခံခဲ့
အချို့က ပုံအောပြီး အလိမ်ခံခဲ့


တချို့က စကားလုံးအားဖြင့် လိမ်….
တချို့က စာရေးပြီး လိမ်….
တချို့က အမူအရာနဲ့ လိမ်….
တချို့က အတတ်ပညာနဲ့ လိမ်….
တချို့က အားယူပြီး လိမ်….

အချို့က အားမရှိလို့ အလိမ်ခံ …..
အချို့က အတတ်ပညာနည်းလို့ အလိမ်ခံ …..
အချို့က မခန့်မှန်းတတ်လို့ အလိမ်ခံ …..
အချို့က စာမတတ်လို့ အလိမ်ခံ …..
အချို့က နားမလည်လို့ အလိမ်ခံ …..

တချို့က ဥပမာ ပေးပြီး လိမ်တုန်း
အချို့က အမှန်တရားကို သက်သေပြုဖို့ လိမ်တုန်း
တချို့က အခြေအနေအရဆိုပြီး လိမ်တုန်း
အချို့က မလိမ်ခြင်းပဲနဲ့ လိမ်တုန်း
တချို့က ခွင့်မပြုလို့ လိမ်တုန်း
အချို့က ဖောက်ထွက်မရလို့ လိမ်တုန်း
တချို့က အသက်ရှင်ဖို့အတွက် လိမ်တုန်း
အချို့က ထမင်းတစ်လုတ်စားဖို့ လိမ်တုန်း
တချို့က ထာဝရ လိမ်တုန်း
အချို့က လမ်းကြုံလို့ လိမ်တုန်း

တချို့က ပွဲမစ’ခင် အလိမ်ခံရ
အချို့က နေရာရဖို့ အလိမ်ခံကြ
တချို့က ပုံရိပ်တွေနဲ့ အလိမ်ခံရ
အချို့က ဆုတံဆိပ်တွေနဲ့ အလိမ်ခံကြ
တချို့က လက်ခုတ်သံနဲ့ အလိမ်ခံရ
အချို့က မင်္ဂလာပြုပြီး အလိမ်ခံကြ
တချို့က အစွမ်းထက်မှုနဲ့ အလိမ်ခံရ
အချို့က အစွမ်းအစမရှိလို့ အလိမ်ခံကြ
တချို့က အသက်ရှင်နေစဉ် အလိမ်ခံရ
အချို့က သေဆုံးတဲ့အထိ အလိမ်ခံကြ

တချို့က လိမ်တာကို သဘောတွေ့ပြီး
အချို့က အလိမ်ခံရတာကို မနောခွေ့ နေတော့ … ။ ။

- စစ်ငြိမ်းဒီရေ ဝါရင့် ဆရာတွေဆီက ကော်ပီကူးထားတာလေးတွေပါ။စောစောကတော့ ကိုယ်တိုင်ရေးလေးတွေပဲ တင်မယ် စိတ်ကူးရှိပေမယ့် ကောင်းတာလေးတွေကိုတွေ့တော့ မကူးပဲကို မနေနိုင်ဘူး။):

ဆက်ဖတ်ကြည့်ဗျာ...